Unit1.4 Electrical Control Wiring and Ladder Diagram 

(a) Electrical Control

@25 August 2020

 ကျွန်တော်အခုဆက်ပြီးဆွေးနွေးချင်တာက Electrical Control Wiring and PLC မှာပါတဲ့ Ladder Diagram အကြောင်းပါ 

အရင်စပြီးElectrical Control အကြောင်းဆွေးနွေးပါရစေ ကျွန်တော်တို့စက်ရုံတွေမှာ Production Machines တွေနဲ့အတူControl Panel တွေကိုတွဲလျှက်တွေ့ရမှာပါအဲ့ဒိControl Panel တွေကိုဖွင့်ကြည့်ရင်Relay တွေ Magnetic Contactor တွေPhase Sequence Controller တွေOver Voltage Under Voltage Relay တွေTemperature Controller တွေ Level Controller တွေ Floatless Relay တွေ Overload Relay တွေအစရှိတဲ့Controller တွေ Relay တွေတွေ့ရမှာပါ 

အရင်ဆုံးအခြေခံကျတဲ့ Relay အကြောင်းဆွေးနွေးပါ့ရစေ Relay မှာ Coilရယ် Common Contact NO(Normally Open)NC(Normally Closed)ဆိုပြီးရှိပါတယ်CoilကိုPower ပေးလိုက်ရင်NOကNC ဖြစ်ပြီးNC ကNOဖြစ်သွားပါတယ်NO/NC toNC/NOဆိုပြီး Condition Change သွားတယ်လို့ပြောချင်တာပါ 

Timer လည်းဒီလိုပါပဲ CoilကိုPower ပေးလိုက်ရင် သူရဲ့ Setting Time ရောက်ရင် NO/NC ကနေNC/NOဆိုပြီး Condition Change သွားပါလိမ့်မယ်

 Phase Sequence Relay လည်းဒီလိုပါပဲ L1 L2. L3ကို(Sensorလို့မှတ်ယူပေးပါ) Diagram အတိုင်း Connection ဝင်ပြီး Coil ကို Power ပေးလိုက်ရင် Phase Sequence အောက်တာနဲ့ NO/NC ကနေ NC/NO ဆိုပြီးCondition Change သွားပါလိမ့်မယ် 

Floatless Relay ကလည်းဒီလိုပါပဲသူရဲ့ ရေLevelတိုင်းတဲ့Electrode Sensor တွေက Low Level ရောက် NO/NC ကနေ NC/NO ဆိုးပြီးCondition Change သွားပါလိမ့်မယ် 

High Level ရောက်ရင် NO/NC ဆိုပြီးနဂိုPosition အတုိင်းပြန်ဖြစ်သွားပါလိမ့်မယ် 

 Relay တွေ Controller.တွေကဒီသဘောတရားအတိုင်းအတူတူပါပဲ Relay က CoilကိုPower ပေးရင် Condition Change ပြီး Timer တွေတခြားController တွေက သူနဲ့သက်ဆိုင်တဲ့ Setting Time သက်ဆိုင်ရာSensor တွေ Detect လုပ်မှ Condition Change တာပါ ဒါပဲကွာတာသွားတာပါ 

 ကျွန်တော့်အဓိက ကSensor.တွေ Controller.တွေ Relay တွေအကြောင်းပြောချင်တာမဟုတ်ပါဘူး သူတို့မှာ တူညီနေတဲ့ တခုတည်းသောအကြောင်းကိုပြောချင်တာပါ

 အဲ့ဒါဘာလဲဆိုရင် Controller တွေRelay တွေမှာ COM NO NC ဆိုပြီး ပါနေတာပါပဲ အဲ့ဒါဆိုရင် အဲဒိ Controller တွေ Relay တွေဟာ RELAY ဆိုတဲ့ခေါင်းစဥ်အောက်က Relay တွေသာဖြစ်ပါတယ် အဲ့ဒိ COM NO NC Contact နဲ့ ဆင့်ပွားပြီးကိုယ်လိုချင်တဲ့Application ကို Wiring လုပ်သွားတာပါပဲ 

အဲ့ဒါ ဆိုရင်ကျွန်တော်က Electrical Control Wiring=Relay Control Wiring လို့ပြောချင်ပါတယ် အဲ့လိုFormat ချလိုက်ရင်Control Panel Wiring ဆင်တဲ့အခါပိုမိုလွယ်ကူစေပါတယ် PLC နဲ့ ချိတ်ဆက်ထားတဲ့Wiring ကလည်းဒီအတိုင်းပါပဲ သူရဲ့I/O ကနေထွက်လာတဲ့Connection တွေကRelay ကိုသွားပြီး Relay ကနေ Magnetic Contactor တွေ Wiring လုပ်သွားတာပါပဲ

 PLC ကနေ့လာတဲ့ Connection ကို Load ဆီကို Direct မသွားပဲ Relay တဆင့်ခံပြီး PLC ရဲ့ I/O ကိုတွေမထိအောင်သပ်သပ်ခွဲထုတ်သွားတာပါပဲ အောက်မှာ Controller.တွေ Relay တွေ ရဲ့ Contact Point တေွPLC Wiring တွေရဲ့ပုံတွေကိုလေ့လာနိုင်ပါတယ် 

Stay Safe:Stay Strong

#Aung Thiha 

Comments