Unit 1.5 About Industrial Automation System
1.Motion Control 2.Instrumentation Control 3.Communication Control

uကျွန်တော်ရှေ့မှာ Number System: Electrical Control Wiring:Ladder Diagram အကြောင်းSharing လုပ်ပေးခဲ့ပါတယ် ဒါတွေဟာ Automation System တခုရဲ့အစိတ်အပိုင်းတွေသာဖြစ်ပါတယ်.Industrial Automation System ကိုလေ့လာမယ်ဆိုရင်သူ့အပိုင်းနဲ့သူရှိနေပါတယ် ကျွန်တော်က Industrial Automation System ကို လူပုံစံတွေနဲ့ခိုင်းနှိုင်းပြီးလေ့လာခြင်ပါတယ်.

လူမှာဦးနှောက် လှုပ်ရှားမှုအစိတ်အပိုင်း(လက်ခြေ). အာရုံခံအစိတ်အပိုင်းသွေးကြောတွေစီးဆင်းရာအသဲနှလုံး လူအခြင်းခြင်းဆက်သွယ်ရာမှာလိုအပ်တဲ့ Language စသဖြင့်ရှိပါတယ် Industrial Automation Systemကလည်းဒီအတိုင်းပါပဲ

 ဦးနှောက်နဲ့တူတဲ့ (PLC Programming Control) လှုပ်ရှားမှုအစိတ်အပိုင်းနဲ့တူတဲ့(Motion Control)

အာရုံခံအစိတ်အပိုင်းတွေဖြစ်တဲ(Instrumentation Control)

အသဲနှလုံးနဲ့တူတဲ့သွေးကြောတွေစီးဆင်းရာPower Source (Electrical Power Hydraulic Power Pneunatic Power)

လူအခြင်းဆက်သွယ်ရာမှယလိုအပ်တဲ့Language((Communication Control)စသဖြင့်

System တစ်ခုအနေနဲ့ရှိပါတယ်

ကျွန်တော်က အဲ့ဒိအစိတ်အပိုင်းတွေကိုတပိုင်းခြင်းစီSharing လုပ်ခြင်ပါတယ်

 PLC Programming ကို Sharing မလုပ်ခင် Automation System ရဲ့ အခြားအစိတ်အပိုင်းတွေဖြစ်တဲ့ 

 1:Motion Control

 2:Instrumentation Control 

3:Communication Control တွေကို Sharing လုပ်ခြင်ပါတယ်

 4.Power. Source တွေဖြစ်တဲ့ Electrical Power. Hydraulic Power Pneumatic Power(ကျွန်တော်နောက်ပိုင်းသပ်သပ်Sharing လုပ်ပေးပါ့မယ်) 

လူလိုပဲဦးနှောက်တစ်ခုထဲနဲ့အသက်မရှင်နိုင်သလို Automation System ကလည်း PLC Programming Controlတစ်ခုတည်းနဲ့ System တစ်ခုဖြစ်မလာပါဘူး

Control အားလုံးဟာ သူဟာသူ အပြန်အလှန် ဆက်နွယ်နေMutual Relation ဖြစ်နေပါတယ် အားလုံးဟာသူဟာသူအရေးကြီးပါတယ် ကျွန်တော်စပြီးMotion ControlကနေSharing လုပ်ခြင်ပါတယ်

 Motion Control: Motion Controlဆိုတာ(AC/DC Motor)စသဖြင့်Motor ပေါင်းစုံပါဝင်နေတဲ့ Motor Control ပါပဲ 

ကျွန်တော်တို့ အခြေခံကျတဲ့Single Phase Capacitor Motorကစပြီးလေ့လာရအောင် စပြီးမောင်းနှင်တဲ့အချိန်မှာ ရုန်းအားနဲ့Inrush Current ဆွဲအားကိုလျော့ကျရန်Capacitor ကိုသုံးပါတယ်

 Capacitor Bank တွေရဲ့သဘောတရားအတိုင်းInductive Load ကိုလျော့ချတာဖြစ်ပြီး Capacitive Load ကိုတင်တာလည်းဖြစ်ပါတယ် Starting Capacitor Running Capacitor ဆိုပြီးCapacitor နှစ်ခုသုံးMotor တွေရှိသလို Starting Capacitor Capacitor တစ်ခုသုံးMotor တွေလည်းရှိပါတယ်

 Capacitor ကိုParallel ပြိုင်ဆက်ဆက်ပြီးသုံးတဲ့ Motor တွေကရုန်းအားပိုကောင်းပါတယ် 

3 Phase Motor တွေမှာ လည်း5Hp အောက် Motor တွေမှာ.Direct Online Starter ကိုသုံးပါတယ်

 5Hp. အထက်Motor တွေကို Start/Delta Starter ကိုသုံးပါတယ်

 Star/Delta Starter တွေကလည်းSingle Phase Motor တွေမှာCapacitor သုံးတာနဲ့သဘောတရားတူပါတယ် 

စဆွဲတဲ့အချိန်Inrush Current ကိုလျော့ချဖို့နဲ့Inductive Load Starting Currentကို လျော့ချဖို့သုံးပါတယ်

 Calculation တွေအရ Star/Delta က Direct online Starter ထက်စဆွဲတဲ့အချိန်မှာStarting Current 7ဆ အထိလျော့ချပါတယ် 

ရှေ့ကပြောခဲ့တဲ့Starter တွေကInrush Current Starting Current Inductive Load တွေကိုထိန်းချုပ်နိုင်ပေမဲ့ အတိုင်းအတာတစ်ခုထိပဲTorque နဲ့Speed ကိုထိန်းချုပ်နိုင်ခြင်းတို့ကြောင့်Motor Shaft တိုင်ကနေတဆင့်တွဲဖက်အသုံးပြုတဲ့Mechanism တွေအတွက် ကောင်းစွာDemand မဖြစ်ပါဘူး 

Bearing များသက်တမ်းရှည်မခံခြင်းMotor Efficiency လျော့ချခြင်းတို့ကြောင့် Power Electronics နည်းပညာတိုးတက်လာခြင်းနှင့်အတူ Traic အခြေခံSoft Starter ကိုအသုံပြုလာပါတယ် 

Soft Starter:Soft Starter သည် Thyristor /SCR နှစ်ခု ကို အပြိုင် အထက်အောက်လုပ်ပြီး Gate Signal မှတဆင့် Holding Current ပေးပြီးInrush Current ကိုလျော့ချပါတယ် Inrush current ကိုလျော့ချနိုင်ခြင်းကြောင့်

Motor Starting /Running Condition မှာ Voltage အတက်အကျကိုဖြည်းဖြည်ချင်းထိန်းကျောင်းနိုင်ခြင်း Torque/Speedကို အတက်အကျနည်းနည်းဖြင့်ကောင်းမွန်စွာထိန်းကျောင်းနိုင်ခြင်းတို့ကြောင် Smooth Ramp Up/Down အကောင်းဆုံးဖြစ်ပြီး Starterထဲမှာ Soft Starter သည်အကောင်းဆုံးဖြစ်ပါတယ်

 စားရေးတာများသွားပြီးဖတ်ရမှာရှည်သွားမှာဆိုးလို့နောက်Post မှပဲInduction Motor တွေကိုထိန်းကျောင်းရာမှာအကောင်းဆုံးဖြစ်တဲ့VFD(Variable. Frequency. Drive) Control အကြောင်းဆက်လက်ပြီးSharing လုပ်ပေးပါ့မယ် အားလုံးပဲစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်မာခြင်းနှင့်ပြည်စုံပါစေ Video Files တွေပါတဲ့အတွက်Upload လုပ်ရတာကြာတာ​ကြောင့်ဒီSharingနဲ့ပတ်သတ်တာတွေကိုနောက်Postမှာတင်ထားပါတယ်

Stay Safe: Stay Strong 

#Aung Thi Ha

Comments