Unit 2,1  About







Unit 2.1 Variable Frequency Drive ရဲ့ Internal Circuit Diagram

ကျွန်တော်ဆက်ပြီးSharing လုပ်ခြင်တာကတော့Induction Motor တွေကို Control လုပ်ရာမှာအကောင်းဆုံး Starter တွေထက်ပိုမိုကောင်းမွန်တဲ့Power Electronics Device ဖြစ်တဲ့Mosfet နဲ့ BJT Transistor ပေါင်းစပ်ထားတဲ့IGBT ကို အခြေ ခံပြီးတည်ဆောက်ထားတဲ့ VFD Variable Frequency Drive ပဲ ဖြစ်ပါတယ်

Variable Frequency Drive ရဲ့ Internal Circuit Diagram ကိုလေ့လာကြည့်ရအောင်
အကြမ်းဖျင်းအားဖြင့်Diode ခြောက်လုံးကို Bridge ပုံစံတည်ဆောက်ထားတဲ့ Three Phase Full Wave Rectifier Circuit:IGBT နဲ့ Series ဆက်ထားတဲ့ Braking Resistor Parallel Diode Circuit: Filter Capacitor( DC Bus): IGBT//Diode ခြောက်စုံပါဝင်တဲ့ Inverter Circuit စသည်တို့ပါပါတယ်
Circuit ရဲ့ Working Principle. ကို လေ့လာကြည့်ရင်
3 Phase Power ပေးလိုက်ရင် Diode 6 လုံးကို Bridge ပုံစံလုပ်ထားတဲ့ Full Wave Rectifier Circuit စီရောက်ပါတယ်.အဲ့ဒိ Rectifier Circuit မှာမျက်နှာခြင်းဆိုင်Diode နှစ်ခုခြင်းစီက Alternate အလှည့်ကျ Phase Shift လုပ်ပြီး (AC to DC)Change လုပ်ပြီးDC Vtg ထုတ်ပါတယ်ထွက်လာတဲ့ DC Vtg တွေဟာ Ripple တွေဖြစ်နေတဲ့အတွက် Capacitor Filter ခံပြီး Pure DC ထုတ်ပါတယ်
အဲ့ ဒိPure DC ဟာ.IGBT 6လုံးအပြိုင် တပ်ထားတဲ့Inverter Circuit ကိုရောက်ပါတယ် Inverter Circuit ကလည်း Rectifier Circuit လို မျက်နှာခြင်းဆိုင် IGBT 2လုံးကနေ PWM နည်းနဲ့ Pulse Vtg တွေကို Time Interval ခံပြီးPulse Vtg တွေကိုအထက်အောက်(အပေါ်က IGBT က Positive Half Cycle အောက်က IGBTကNegative HalfCycle)X ဝင်ရိုးအတိုင်းTime Interval ကိုခပ်စိပ်စိပ်ထားလိုက်တဲ့အခါPWM ပုံစံကနေ Positive Half Cycle Negative Half Cycle နှစ်ခုဖြစ်သွားသောကြောင့် Sine Wave ပုံစံဖြစ်လာပြီးAC Vtgထွက်လာပါတယ်
IGBT ဟာMoset နဲ့ BJT နှစ်ခုပေါင်းထားတဲ့အတွက် Super Switching ဖြစ်ပြီး Pulse Vtg တွေကို Time interval အလိုက် အကြိမ်ပေါင်းများစွာထုတ်နိုင်တဲ့နည်းတူ Vtg : Frequency ဟာလည်းလိုသလိုအလှည့်ကျပြောင်းလဲနေပါတယ် တနည်းအားဖြင့်Frequency နဲ့Vtg ဟာ Directly Propotionl ဖြစ်ပြီးလိုသလို ထိန်းချုပ်နေတာဖြစ်ပါတယ် အဲ့ဒါ Advantage of IGBT ပါပဲမော်တာတွေဟာ Starting လုပ် Steady State ရောက်အောင် အခြေအနေတခုထိစောင့်ရသလို Stop လုပ်ရင်လည်းZero State ရောက်အောင် အချိန်တခုထိစောင့်ရပါတယ်တနည်းအားဖြင့်Motor တွေဟာ Stop အခြေအနေမှာ Inductive Kick Vtg ထွက်ပါတယ် Inverter Circuit မှာ IGBT 6 လုံးနဲ့အပြိုင်Power Source နဲ့ပြောင်းပြန်တပ်ထားတဲ့Diode ခြောက်လုံးကအဲဒိ Inductive Kick Vtg(Reverse Vtg) ကိုကာကွယ်ဖို့ Circuit တွေပျက်စီးတာကိုကာကွယ်ဖို့ဖြစ်ပါတယ်
Rectifer Circuit နဲ့ Inverter Circuit မှာ မျက်နှာခြင်းဆိုင် Diode နှစ်လုံးနဲ့ IGBT 2 လုံးကို Vtg ကို Phase Shift လုပ်ပြီး အလှည့်ကျ ထုတ်နေပါတယ်
Rectifier Circuit က DC Power ကို အလှည့်ကျထုတ်ပြီး Inverter Circuit က AC Power ကညိအလှည့်ကျထုတ်ပါတယ်
ကျွန်တော်ရှေ့မှာ IGBT နဲ့Seriesဆက်ထားတဲ့Braking Resistor //Diode ကို Retifier Circuit အထွက်မှာ ထည့်ထားတဲ့အကြောင်းပြောခဲ့ပါတယ်
Motor. တွေကို Brake လုပ်တဲ့နေရာမှာ Electrical Brake ရှိသလို Mechanical Brake လည်းရှိပါတယ်
အခု Braking Resistor က Electrical Brakeနည်းနဲ့Brakeလုပ်ဖို့ထည်းထားတာဖြစ်ပါတယ်
ရှေ့ကရှင်းပြခဲ့တဲ့Circuit နေရာမှာ IGBT Series Braking Resistor//Diode Circuit ကိုထပ်ထည့်ပါမယ်
Rectifier Circuitကထွက်လာတဲ့DC Vtg ကို IGBT ကVtgကိုSwitching သဘောလုပ်ပြီး Capaciter က Filterလုပ်ခြင်းဖြင့် Pure DC ဖြစ်ပြီးInverter Circuit က AC ထုတ်ပါတယ်.Br Resistor အောက်က IGBT က Vtg ကို Switch တခုအနေနဲ့လုပ်ဆောင်ပါတယ် Normal အခြေအနေမှာ Normal Vtg ကိုပဲ Switch လုပ်ပြီး Brake လုပ်ခြင်တဲ့အခြေအနေမှာ Vtg ကို တိုးပြီးထုတ်ပါတယ်
လှည်နေတဲ့Motor ကို DC Vtg ကျွေးပြီးBrake လုပ်လိုက်တာပါပဲ Inverter Circuit က မျက်နှာချင်းဆိုင်Diode နှစ်လုံးကို AC ကျွေးတာကိုရပ်ပြီးDC ကျွေးလိုက်တာပါပဲ.
Braking Resistor ဟာ Electronics Circuit တွေမှာပါတဲ့ Pull Down Resistor နဲ့တူပါပဲ ရုတ်ချည်းတက်လာတဲ့Vtg ကို Resistorခံပြီးဆွဲချလိုက်တာဖြစ်ပါတယ်Br Resistor နဲ့Parallrl ဆက်ထားတဲ့ Diode ဟာလည်းInductive KICK Vtg ကိုကာကွယ်ဖို့ Power Source နဲ့အပြိုင်ပြောင်းပြန်ဆက်ထားတာပါပဲ.Resistor ထဲကို Loop ပတ်ပြီးအခြားCircuit မထိခိုက်အောင်စီးဆင်းဖို့ဖြစ်ပါတယ်
တချို့Inverter တွေမှာExternalကနေ DC Vtg ကျွေးတဲ့ (Power Supply )Braking Unit တွေပါပါတယ်
ဒီလောက်ဆိုရင် VFD ရဲ့ Internal Ciruit မှာ အလုပ်လုပ်ပုံကို အတိုင်းအတာတခုထိရှင်းသွားပြီထင်ပါတယ်
ကျွန်တော်လေ့လာနေဆဲဖြစ်လို့အမှားပါရင်လည်း ထောက်ပြပြီးUpdate လုပ်ပေးဖို့မေတ္တာရပ်ခံပါတယ်
ပြီးရင် VFD ရဲ့ Features တွေကို ဆက်လက်ဆွေး​နွေးပါဦးမယ်
အားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည်စုံပါစေ

Stay Safe:Stay Strong

#Aung Thi Ha

Comments