Unit 1.4 Electrical Control  Ladder Diagram

(b) Ladder Diagram

@26 September 2020

Electrical Control Wirng အကြောင်းပြီးတော့ကျွန်တော်ဆက်ပြီးရှင်းချင်တာက Ladder Diagram အကြောင်းပါ 

Electrical Control Wring က Controller Magnetic Contactor Relay တွေ ကနေတဆင့်Start/Stop Push Button Toggle Switch Sensor တွေနဲ့ချိတ်ဆက်ပြီးမိမိလိုချင်တဲ့ Control Application ကိုအသုံးပြုတဲ့အခါPanel အတွင်းမှာ Wiring တွေနဲ့ရှုပ်ထွေးသွားပါတယ်

 အရင်တုန်းက Control Panel တွေဟာအဲ့ဒိ Relay Magnetic Contactor Controller: Wiring တွေနဲ့ Relay Control Wring ကိုအခြေခံပြီး လုပ်ထားတာပါ Panel အတွင်းနေရာယူမှု Troubleshoot လုပ်ရတာခက်ခဲမှု ခေတ်မီစက်တွေအတွက် Advanced Processing လုပ်ဖို့ရာအခြားFunction တွေလိုအပ်မှုအတွက် PLC (Programmable Logic Controller)ဆိုတာပေါ်ပေါက်လာပါတယ် 

PLC ဆိုတာIndustrial တွေအတွက်အထူးအလုပ်ထားတဲ့Industrialized Computer တခုပါပဲ သူမှာ Computer လိုပဲ CPU Memory Power Supply Unit Input/Output. Unit ဆိုပြီးပါပါတယ်

ရေးလိုက်တဲ့ Program တွေဟာMemory ပေါ်မှာ Store လုပ် CPU နဲ့အပြန်အလှန်ချိတ်ဆက်(Synchronization) လုပ်ပြီးအဲ့ဒိရေးလိုက်တဲ့ Application အတိုင်းAuto Processing လုပ်ပါတယ် 

PLC Programming Language မှာ Ladder Diagram: Sequential Function Chart:Fm.Functional Block Diagram: Structured Text:Instruction List ဆိုပြီး Language 5ခုရှိပါတယ် 

Ladder Diagram:Sequential Function Chart:Functional Block Diagram က သဘောတရားတူညီပါတယ်

 Ladder Diagram က Relay Logic ကိုအခြေခံပြီး Sequential Function Chart က Flow Chart နဲ့သဘောတရားတူညီပါတယ် Functional Block Diagramက Instruction တခုကိုထပ်ခါထပ်ခါသုံးမယ်ဆိုရင်Block Diagram တခုပုံစံဖန်တီးပြီးရေးသားတဲ့ Program ကိုချုံပြီးရေးတာပဲဖြစ်ပါတယ်Sequential Function Chart Functional Block Diagram တွေကရေးရမှာများတဲ့ Functionတွေပါတဲ့Process Controlတွေကျရင်အလွန်အသုံးဝင်ပါတယ် 

Structured Text Instruction List ကတော့စာတွေနဲ့ရေးတဲ့ Program တွေပါ Structured Text က ကွန်ပြူတာမှာရေးတဲ့ C Programming နဲ့တူပါတယ်

 အောက်ကVideo Files တွေနဲ့လည်းလေ့လာနိုင်ပါတယ် Programming Language 5 မျိုးအကြောင်းရှင်းပြီးသွားရင်အဲ့ဒိ Programming Language မှာအခြေခံအကျဆုံဖြစ်တဲ့ Ladder Diagramအကြောင်းရှင်းချင်ပါတယ်

 Ladder Diagram ဆိုတာ Relay Logic ကိုအခြေ ခံထားတဲ့ Electronic Relay Programming တခုပါ Electronic Programming ဆိုတဲ့အတိုင်း ကျွန်တော်ရှေ့က ရေးခဲ့တဲ့Number System တွေပါလာပါပြီ ဘာကြောင့်လဲဆိုတော့ CPU က 1:0 0:1 ဆိုတဲ့ Binary Sytem ကိုပဲနားလည်လို့ပါ သာမန် Forward/Reverse Application တခုဆိုရင် Hardware Control Wring အတိုင်းပါပဲ ဒါ့အပြင်ရိုးရိုးOn/Off Delay Timer တွေ Counter တွေ Relay ပါတဲ့ Controller တွေပါတဲ Software Control တွေကလည်း Hardware Control နဲ့အတူတူပါပဲ

 Star/Delta Control ကလည်းSoftware Control နဲ့ Hardware Control အတူတူပါပဲ အပြင်က Hardware Relay Control ကPLC ထဲကို ထည့်ပြီး Ladder Diagramနဲ့ Software Control ပုံစံရေးသားချင်ပါပဲ Hardware Control Wiring ကို PLC နဲ့စမ်းပြီးControl Panel တွေဆင်ရင်လည်းဒီအတိုင်းပါပဲ

 ဒါပေမယ့် အဲ့ဒိ Control တွေဟာ Digital စနစ်ကိုအခြေခံတဲ့ Direct On/Direct Off စနစ်တွေကိုသုံးတဲ့ Relay Control တွေအတွက်သာအသုံးဝင်ပါတယ်

 Input/Output ကိုလိုသလိုထိန်းချုပ်ချင်တဲ့ Analog Control တွေ PWM Pulse Width Modulation ကိုအသုံးပြုတဲ့ Servo Motor Control Stepper Motor Control. (High Speed Counter)Pulse တွေကိုအသုံးပြုတဲ့ Encoder Control PLC နဲ့ HMI ကိုချိတ်ဆက်ပြီးအသုံးပြုတဲ့ Communication Control တွေကိုအသုံးပြုတဲ့ Advanced Control (Advanced Auto. Processing) ကျရင် သူတို့အတွက် Application Instruction တွေလိုအပ်လာပါပြီ 

WPL Soft (Delta PLC)ရဲ့ Help File ထဲကိုရှာကြည့်တဲ့အခါProgram ရေးဖို့အတွက် Basic Instruction Appliction Instruction ဆိုပြီးရှိပါတယ် Basic Instruction ကကျွန်တော်ရှေ့က ပြောတဲ့ Digital စနစ်ကိုသုံးတဲ့ (Relay Control)Direct On Direct Off အတွက်အသုံးပြုပါတယ် Application Instruction ကတော့ Analog Control Servo Motor Control Stepper Motor Control Communication Control စတဲ့ Advanced Conrol(Advanced Machine)တွေကိုသုံးတဲ့ တကယ့် ApplicationProgramming Instruction တွေပါလာပါပြီ

 အဲ့ဒိ Application Instruction ကလည်း ကျွန်တော်ရှေ့ကရေးခဲ့တဲ့ Number System တွေကိုသုံးပြီးကိုလိုချင်တဲ့ Process Control ကိုလိုသလိုရေးသွားတာပဲဖြစ်ပါတယ်

 နောက်နှစ်ခုကတော့ Special Register(M) Special Registet(D)ပါပဲ Special Register(M)ကM1000ကနေ M1599 အထိရှိပြီးသက်ဆိုင်ရာ Application Instruction တွေအတွက် Carry Flag /Borrow Flag /Completion Flag /Reset Flag/ Assign Flag/ Communication Flag /Error Checking Flag /Time out Flag စသဖြ​င့် Application Instruction တွေကို Activated ​(သက်ဝင်လှုပ်ရှား)စေပါတယ်

 သူဟာ သူလည်းFlip. Flop(PLC on ရင်ဘယ်နှစ် Second on/ဘယ်နှစ် Second off) မလဲစသဖြင့် Flip Flop တွေအနေနဲ့လည်းလုပ်ဆောင်ပါတယ် ကျန်တဲ့ RegisterM0-M999:M2000-M4095ကတော့Auxillary Contact Point တွေအဖြစ်လုပ်ဆောင်ပါတယ် HMI နဲ့တွဲဖက်တဲ့အခါI/O pin တွေအစားအဲ့ဒိ Register တွေကို သုံးနိုင်သလို PLC ကိုရေးတဲ့အခါလည်းAuxillary Contact Point တွေအဖြစ်သုံးနိုင်ပါတယ်

 Special Register(D)ကလည်းD1000toD2000:D9800toD9898အထိ သက်ဆိုင်ရာApplication Instruction တွေအတွက်Data(Number System)တွေကိုStorage လုပ်ဖို့အတွက်အသုံးပြုပါတယ်

 Servo Motor တွေအတွက်သူနဲ့သက်ဆိုင်တဲ့ Application instruction ရေးဖို့လိုသလိုသက်ဆိုင်တဲ့ Data Register ထဲကိုလည်းData တွေထည့်ဖို့လိုပါတယ် 

 Communication Control အတွက်လည်းသက်ဆိုင်တဲ့ Application Instructionရေးဖို့လိုသလို သူနဲ့သက်ဆိုင်တဲ့ Data Register ထဲကိုလည်း Data တွေထည့်ဖို့လိုပါတယ်

 Analog Controlအတွ်လည်း သက်ဆိုင်တဲ့ Instruction ရေးဖို့လိုသလို သူနဲ့သက်ဆိုင်တဲ့ Data Register ထဲကို Data တွေထည့်ဖို့လိုပါတယ် 

 ကျန်တဲ့Memory Register(D) က D0toD999 ကတော့ အခြားပေါင်းနုတ်မြောှက်စား Data တွေMove: Shift: Rotate စတဲ့ Calcutaion Processing တွေမှာ Data တွေကို Storage Register အဖြစ်လုပ်ဆောင်ပါတယ် အောက်ကပုံ​တွေမှာလည်း Instruction တွေ Special Registerတွေကိုလေ့လာနိုင်ပါတယ် 

 အာလုံးအကျည်းချုပ်ဆိုရလျှင်Ladder Diagram ဆိုတာ Relay Logic ကိုအခြေခံထားတဲ့ Programming Language တခုပါ ပိုပြီးအဆင့်မြင့်တဲ့စက်တွေမှာပါတဲ့Servo Control Stepper Control VFD Control Communication Control တွေကိုကျွန်တော်ရှေ့ကပြောခဲ့တဲ့ Application Instruction တွေ Special Register(M) Special Register(D)တွေကို Number System တွေနဲ့ပေါင်းစပ်ပြီးမိမိလိုချင်တဲ့ Control Function တခုကို Program ရေးသားခြင်းဖြစ်ပါတယ်































 အားလုံးပဲ Covid ကာလကြီးမှာစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည်စုံပြီးအောင်မြင်စွာကျော်ဖြတ်နိုင်ပါစေ

#Aung Thi Ha

Comments