Unit 1.2 Bit Byte Word Double Word Integer Double Integer Floating Point

@20 August 2022

Bit:Byte:Word:Double Word:Integer:Double Integer Number Sytem တွေအောက်က

 Bit Byte Word Double Word Integer Double Integer Floating Point တွေအကြောင်းဆက်ရေးပါ့ရစေ

 Bit ဆိုတာ one Bit တခုစာကိုပြောတာပါ PLC ရဲ့Input /Output.Pin.တွေမှာ မြင်ရတဲ့ Contact တခုစာကိုပြောတာပါ

 Byte ဆိုတာ 8Bit ကိုပြောတာပါ 16Bit ဆိုတာ 1Word ကိုပြောတာပါ Integer ကို16Bit နဲ့ ရေးလေ့ရှိပါတယ်

 Delta PLC မှာ ရိုးရိုးInstruction တွေကို 16Bit Instruction နဲ့ရေးလေ့ရှိပါတယ် ဥပမာ Mov Instruction ဆိုတာ 16Bit Instruction ကိုပြောတာပါ DMov Instruction ဆိုတာ 32Bit Instruction ကိုပြောတာပါ

 တခြားPLC တွေမှာလည်း Word: Double Word အနေနဲ့သုံးလေ့ရှိပါတယ်

 32Bit ဆိုတာDouble Word ကိုပြောတာပါ Double Integer လိုလည်းမှတ်ယူလို့ရပါတယ်

 Floating Point ကလည်း Double Word ထဲမှာပါပါတယ် Floating Point ဆိုတာ ဒဿမကိန်းကိုပြောတာပါ Floating Pointတွေဟာ32Bit တွေပါပဲ Siemens PLC မှာတော့Realလို့လည်းခေါ်ပါတယ် 

ဒါတွေကိုဘာလို့ပြောရလည်းဆိုရင်PLC Instruction တွေရေးရင် Integer(16Bit):Double Integer(32Bit):Floating Point(32Bit)ဒါတွေကပါလာမှာမို့လို့ပါပဲ 

Analog to Digital ပြောင်းရင်လည်း8Bit Resolution 16Bit Resolution 32Bit Resolution တွေနဲ့ပြောင်းလေ့ရှိပါတယ်. 

Encoder တွေရွေးချယ်ရာမှာလည်း 8Bit 10Bit 12Bit 16Bit 32Bit Resolution တွေနဲ့Resoultion ပေါ်မူတည်ပြီးရွေချယ်လေ့ရှိပါတယ် Resolution မြင့်လေကောင်းလေးပါပဲ ဂဏန်းအရေအတွေများသွားတယ်လို့ပြောတာပါ

 ပိုပြီးအနုစိတ်သွားပြီးပိုပြီးတိကျသွားတယ်လို့ဆိုချင်တာပါ Signed Number and Unsigned Number နောက်ထပ်အရေးပါတဲ့ Signed Number Unsigned Number အကြောင်းရှင်းပြပါ့ရစေ

 Unsigned Number ဆိုတာ Positive Number အားလုံးကိုပြောတာပါ Signed Number က Postive Number လည်းရှိမယ် Negative Number လည်းရှိမယ်ဆိုပြောတာပါ

 ဥပမာ 8Bit Systemမှာ Decimal Number 0 to 255(Unsigned Bumber) 0 to 127: -128 to -1(Signed Number) Binary Number 0000 0000 to1111 1111(Unsigned Number) 

 0000 0000 to 0111 1111(Signed Number 0 to 127) 1000 0000 to 1111 1111(Signed Number -128 to -1)

 Unsigned Number က တော့ပုံမှန် အတိုင်း 0 to 255 ပါပဲ Signed Number က တော့ တဝက် က Positive Number ကျန်တဲ့တဝက်ကNegative Numberပါ 256 ကို2နဲ့စားပြီး Positive: Negative Number ခွဲလိုက်တာပါ

 Decimel မှာပဲ ရှေ့မှာ Positive :Negative(+. -)ထားလို့ရပါတယ် ကျန်တဲ့Number Systemမှာတော့ထားလို့မရပါဘူ

 Binary Number အနေနဲ့ကြည့်ရင် (-)ဆိုတာမရှိတဲ့အတွက် 8 Bit Number မှာ Most Significant Bit က 1ဖြစ်​ပြီးကျန်တဲ့Bitတွေက0ဖြစ်တာနဲ့ (-)Number ရဲ့အကြီးဆုံးNumber ပါပဲ(-)128ပါပဲ 

သူမှာထူခြားတာက (-)ကိုနောက်ကပြန်ကောက်တာပါပဲ(-)1 ဆို တာ1111 1111ပါပဲ နောက်ဆုံးကပြန်ပြီး (-)1ဆိုတာစတာပါပဲ 

16Bit Systemမှာလည်းဒီလိုပါပဲ Unsigned Number ဆိုရင် 0 to 65535 Signed Number ဆိုရင်2နဲ့စား ရင်0 to 32767က Positive Number -32768 to -1က Negative Number ပါ Unsigned Number 0000 0000 0000 0000 to 1111 1111 1111 1111 (0 to 65535)

 Signed Number 0000 0000 0000 0000 to 0111 1111 1111 1111(0 to 32767) 1000 0000 0000 0000 to 1 111 1111 1111 1111(-32768 to -1)ပါပဲ

 ဒီလောက်ဆိုရင်လွယ်ကူသွားလိမ့်မယ်ထင်ပါတယ် အောက်ကပုံတွေမှာလည်းလေ့လာနိုင်ပါတယ် ကျွန်တော်ရေးသားတာလေးတွေကနားလည်လွယ်ရင် Like and Share လုပ်ပေးစေချင်ပါတယ် ကျွန်တော့်လို့လေ့လာနေဆဲညီအကိုတွေလေ့လာနေစညီအကိုတွေတခုခုရသွားရင်ကျေနပ်ပါတယ် ဒီ Number System.တွေအကြောင်းသေချာကျေညက်အောင်လေ့စာစေချင်ပါတယ်

 နောက်ပိုင်း Electrical Control Sytem နဲ့ Delta PLC ကိုအခြေခံ ပြီး Ladder Diagram တွေအကြောင်းဆက်လက်ဆွေးနွေးသွားပါ့မယ် 

Sharing makes Knowledgeable and broaden the Circle of friend



#Aung Thi Ha 

Comments