Unit 1.PLC and Number System
Unit 1.PLC and Number System@15 August 2020
PLC /Microcontroller အပြင်အခြားController တွေမှာမရှိမဖြစ်သိသင့်တဲ့Number System တွေအကြောင်းရေးသားချင်ပါတယ်. PLCProgrammingကိုလေ့လာနေသူတယောက်အဖို့အမှားပါရင်လည်းထောက်ပြပေးဖို့ဖိတ်ခေါ်ပါတယ်
Number System တွေကိုအပိုင်းလိုက်ခွဲရင် Binary:Octal:Decimal:Hexadecimal: ASCII:Gray Code ဆိုပြီးရှိပါတယ်.
အဲဒိ Number System တွေဟာ Program ရေးတဲ့အခါ Mathematical Operation: Data Move/Shift Operation: Analog to Digital Conersion: High Speed Counter Calcution :Servo Motor Stepper Motor Instruction အပြင် အခုခေတ်စားနေတဲ့CommunicationInstructionအပြင်အခြားPLCထဲမှာရှိတဲ့မြောက်မြားလှစွာသောInstruction အဲ့ဒိ Number System တွေနဲ့ပဲရေးသားပါတယ်
Decimal ကတော့ကျွန်တော်တို့ငယ်ငယ်ထဲကရင်းနှီးပြီးသား Number System တခုပါ
Binary:Octal:Hexadecimal: ASCII:Gray Code နောက်ပိုင်းမှရင်းနှီးလာတာပါ.အဲ့ဒါကြောင့်တခါတလေမှတ်ရခက်နေတတ်ပါတယ်
Binary ဆိုတာအလွယ်မှတ်ရင် 0:1ဆိုပြီးဂဏန်းနှလုံးပါတဲ့ System လို့အလွယ်မှတ်လို့ရပါတယ်
Octal ကတော့8 ဂဏန်းကစပြီးစတင်ပြောင်းလဲလို့ Octal Number လို့မှတ်ယူပါတယ်
0 to7 ပြီးသွားရင် 8လို့မယူပဲ 10:11:12:13:14:15:16:17 ပြီးသွားရင် 20:21:22:23:24:25:26:27 ဆိုပြီးတော့တွေ့ရပါတယ်
PLC ရဲ့ Input/Output Terminal တွေမှာတွေ့ရသလို Program ရေးရင်လည်း X0 to X7: Y0 to Y7 ဆိုပြီးရေးရပါတယ်. X8 လို့ရေးလို့မရသလို Y8 လို့လည်းရေးလို့မရပါဘူး
Decimal ကတော့ 10ဂဏန်းကစပြီးစတင်ပြောင်းလဲလို့ Decimal Number လို့မှတ်ယူပါတယ်
Hexadecimal ကျတော့ 16 ဂဏန်းကစပြီးစတင်ပြောင်းလဲလို့ Hexadecimal Number လို့မှတ်ယူပါတယ်
အဲ့ဒိမှာတခုထူးခြားတာက 10ဂဏန်းဖြစ်သွားရင် 10လို့မယူပဲ A:B:C:D:E:F ဆိုပြီယူတာပါပဲ
ဘာကြောင့်လဲဆိုတော့
Decimal က 10 ကနေစယူလို့ပါပဲ
Number Systemတွေကသူ့ပုံစံနဲ့သူရှိတဲ့သဘောပါပဲ
အဲ့ဒိလောက်ဆိုနဲနဲတော့ရှင်းသွားပြီထင်ပါတယ်
စာဖတ်ရတာပျင်းသွားမှာဆိုးလို့နောက်တခါကျမှပဲတခြားNumber Systemတွေကိုဆက်ရေးပါ့မယ်
Sharing makes more Knowledgeable and enlarged the Circles of Friend
Comments
Post a Comment