Unit 1.1 Binary Coded Decimal (BCD) ; ASCII Code & Gray Code

@ 17 August 2022

Binary Octal Hexadecimal Decimal အကြောင်းတွေပြီးရင် BCD(Binary Coded Decimal)အကြောင်းဆက်ရေးချင်ပါတယ်.

***BCD ဆိုတာ Binary ကို Coded လုပ်ထားတဲ့ Decimel Number System တခုပါ

.BCD ကိုမရှင်းခင် Nibble အကြောင်းပြောပါ့ရစေ.Nibble.ဆိုတာ4bit ကို 1Nibble လို့ပြောတာပါ 16Bit ဆိုရင် 4 Nibble ရှိပါတယ်
BCD Number System မှာ First Nibble ကို ခု ဂဏန်းယူပြီးဆယ်ဂဏန်းဖြစ်ရင် Second Nibble ကို 1တိုးသွားပါတယ်
ရာဂဏန်းဖြစ်ရင်Thrid Nibble. ကို1တိုးသွားပါတယ်
ထို့အတူ ထောင်ဂဏန်းဖြစ်ရင် Fouth Nibble ကို 1တိုးပါတယ်1st Nibble ကနေ 4th Nibble အထိ Nibble တွေကို အစဥ်လိုက် 10ဆတိုးသွားတယ်လို့အလွယ်မှတ်ယူလို့ရပါတယ် 

သူ့မှာရှေ့က Binary Octal Decimal Hexadecimal. မတူတဲ့အချက်က 10ဖြစ်ရင်Second Nibble ကို1တိုးသွားတာပါ 

ကျွန်တော်ရှေ့ကပြောထားသလိုSecond Nibble ဆိုတာ 10ဂဏန်းဆိုတဲ့အတိုင်း99 ဂဏန်းပြီးရင် ရာဂဏန်း100 ဆိုရင် Third Nibble ကို 1တိုးသွားတာပါပဲ Third Nibble မှာ999ဂဏန်းအထိပြီးရင်ထောင်ဂဏန်း Fourth Nipple ကို 1တိုးသွားတာပါပဲ

 အဲ့ဒါကြောင့်Nibble တွေကို အစဥ်အတိုင်း 10ဆစီတိုးတယ်လို့ပြောတာပါ
အခြားNumber တွေနဲ့ယှဥ်ကြည့်ရင်

Binary မှာ 00 to 01 to 10 to 11
Octalမှာ 7 to 10: 17 to 20: 27 to 30
Decimalမှာ 9 to 10: 19 to 20:29 to 30
Hexadecimal မှာ
F to 10: FF to 100 :FFF  to 1000

BCD မှာ( 9) 1st Nibble to( 10) 2nd Nibble

(99) 2nd Nibble to(100) 3rd Nibble

(999)3rd Nibble to (1000) Fourh Nibble
ဆိုပြီး 1တိုးသွားပါတယ်
ဒီNumber Systemတွေဟာ သူရဲ့ Number System အတိုင်းတိုးစရာဂဏန်းကုန်သွားရင်ရှေ့ကို1တိုးသွားတယ်ဆိုတာပဲ
ကျွန်တော်ရင်းနှီးပြီးသား Decimal No အတိုင်းပါပဲ

BCD အကြောင်းရေးပြီးသွားရင် ASCII Code နဲ့ Gray Code အကြောင်းဆက်ရေးချင်ပါတယ်


***ASCII ကတော့သူ Format အတိုင်းရှိနေလို့အလွယ်မှတ်တဲ့နည်းမတွေ့သေးပါဘူး

တကယ်လို့အလွယ်မှတ်တဲ့နည်းရှိရင်လည်းကျွန်တော့်အားပြန်လည်ရှင်းပြပေးစေချင်ပါတယ်
အောက်မှာ ASCII Chart ကျန်တဲ့ Number Sytem တွေကို လေ့လာကြည့်နိုင်ပါတယ်

ကျန်တဲ့ Gray Code အကြောင်းကို ဆက်ရေးချင်ပါတယ်

***Gray Code ကျ တော့ Binary Number ရဲ့ Most Significant Bit ကို အရင်ချရေးပြီး ကျန်တဲ့Bit တွေ ကို Gate တွေမှာ XOR Gate ပုံစံအတိုင်းLeast Significant Bit အထိ.Output ထုတ်သွားတာပါပဲ

Binary. 1 0 1 0ဆိုရင်
MSB က 1ကိုချရေး သုံးနေရာမြောက်ကBitနဲ့XOR Gate လုပ်ပြီးရင် ချရေး ပြီးရင်သုံးနေရာမြောက်က Bit နဲ့ဒုတိယ​ရောကBitနဲ့XOR Gate ချရေးပြီးရင် ဒုတိယနေရာBit နဲ့ Least Significant Bit နဲ့ XOR Gate လုပ်ချရေးပြီးအဲ့လိုအစဥ်လိုက်ယူသွားရင်
Gray Code 1111 ရပါတယ်
အဲ့ဒိအတိုင်းBinary ကနေ Gray Code ကိုပြောင်းသွားတာပါ

အောက်ကပုံတွေမှာလည်းလေ့လာနိုင်ပါတယ်
စာရေးတာနည်းနည်းများသွားလို့နောက်မှကျန်တဲ့ Number System တွေအကြောင်းဆက်ရေးပါ့
မယ်

Sharing makes knowledgeable. and enlarged the Circle of friend

Credit: Aung Thi Ha










Comments